Skip to content

မိုးကြိုးလွှဲ ဘယ်လို အလုပ်လုပ်လဲ

  • Science
မိုးကြိုးလွှဲ တွေဟာ လျှပ်စီးကို စွဲဆောင်တာ မဟုတ်ပါဘူး

မိုးကြိုးလွှဲ ဆိုတာ ကြားတော့ ကြားဖူး ကြမှာပါ။ အပြင်မှာ လက်တွေ့ မြင်ဖူးတဲ့ သူတော့ ရှားပါတယ်။ တကယ်တော့ မမြင်ဖူးဘူးလို့ ထင်ကြတာပါ။ ဘာ့ကြောင့်ဆို မိုးကြိုးလွှဲ ဆိုတာကို အတော် ထူးဆန်းတဲ့ ကိရိယာ တစ်ခုလို ထင်ကြလို့ပဲ ဖြစ်ပါတယ်။

မိုးကြိုးလွှဲကို ဘင်ဂျမင် ဖရန်ကလင် က စတင် တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုးလွှဲ ဆိုတာ တကယ်ကတော့ ဘာမှ ထူးထူး ဆန်းဆန်း မဟုတ်ပါဘူး။ အဆောက် အဦ အမြင့်တွေရဲ့ ထိပ်မှာ တပ်ဆင်ထားတဲ့ သန်ချွန်တွေပါ။ ဒီ သံချွန် တွေက တစ်လက်မလောက် လုံးပတ်ရှိပြီး ကြေးနီ (copper) သို့ အလူမီနီယံ (Aluminium) နန်းကြိုး တုတ်တုတ်ကြီး နဲ့ ဆက်ထားပါတယ်။ ဒီ နန်းကြိုရဲ့ အခြား တဖက်ကိုတော့ မြေကြီးထဲမှာ ထည့်မြှုပ်ထားပါတယ်။

မိုးကြိုးလွှဲ တပ်ဆင်ရတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ပုံနဲ့ ပါတ်သက်လို့ လူအချို့က ဒီ မိုးကြိုးလွှဲတွေဟာ လျှပ်စီး မိုးကြိုး တွေကို ဆွဲဆောင်နေတယ် လို့ ယူဆကြပါတယ်။ သူတို့ ထင်တာက မိုးကြိုးလွှဲ တွေဟာ ကောင်းကင်မှ မိုးကြိုး လျှပ်စီး တွေကို ဆွဲဆောင်နေတဲ့ အတွက် မိုးကြိုးလျှပ်စီးတွေဟာ အခြားနေရာကို မပစ်တော့ပဲ မိုးကြိုးလွှဲ ရှိရာဆီကို ပစ်ချလိုက်တာလို့ ထင်ကြတာပါ။ ဒီယူဆချက်က မမှန်ပါဘူး။

မိုးကြိုးလွှဲရဲ့ အဓိက အလုပ်လုပ် ပုံကို မပြောခင် မိုးကြိုး လျှပ်စီး ဘယ်လို ဖြစ်လာသလဲ ဆိုတာလေး အကြမ်းဖြင်း ကြည့်လိုက်ရအောင်ပါ။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: