Skip to content

Google Play Store မှ App ၇၀၀,၀၀၀ ကျော်ကို ယမန်နှစ်က ဖယ်ရှားခဲ့ကြောင်း Google ထုတ်ပြန်

Google Play Store မှ App ၇၀၀,၀၀၀ ကျော်ကို ယမန်နှစ်က ဖယ်ရှားခဲ့

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင် Google Play Store မှ App ပေါင်း ခုနှစ်သိန်းကျော် (၇၀၀,၀၀၀) ကို ဖယ်ရှားခဲ့ရကြောင်း Google ကထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၆ ကနဲ့ယှဉ်လိုက်ရင် ၇၀% ကျော်ပိုများပါတယ်။ ဒီလို တစ်နှစ်ထက် တစ်နှစ် ပိုများလာတဲ့ မသင့်လျော်တဲ့ App တွေကို အလွယ်တကူ ထောက်လှမ်းရှာဖွေနိုင်ဖို့ ဂူဂယ်က ပရိုဂရမ်တစ်ခု ထွင်ခဲ့ပါတယ်။ အဲ့သည် အလိုအလျောက် ရှာဖွေပေးနိုင်တဲ့ ပရိုဂရမ်ဟာ မနှစ်က ညံ့ဖျင်းတဲ့ App ရေးသူ တစ်သိန်းကျော်ကို တားဆီးနိုင်ခဲ့ပြီး ဒီသူတွေ နောက်ထပ် အကောင့်အသစ်တွေ ဖန်တီးပြီး App အညံ့တွေ ထပ်တင်လို့ မရအောင်လဲ တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Google Play Store မှာ စုစုပေါင်း လက်ရှိ App ပေါင်း ၃.၅ သန်း ရှိတာမို့ ဒီဖျက်လိုက်တဲ့ App ၇၀၀,၀၀၀ ဟာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ ဒါဟာ ပြီးခဲ့တဲ့ နှစ်က အင်းဒရိုက် (Android) ဖုန်းသုံးသူတွေမှာ App ၆ခု မှာ မကောင်းတဲ့ App တစ်ခု ရှိနေတယ်လို့ ဆိုလိုတာပါ။ အကယ်လို့ သင့်ဖုန်းမှာ စိတ်ချရတဲ့ လုံခြုံရေး App တစ်ခုခု အနည်းဆုံး ရှိမနေဘူး ဆိုရင် သင့်ဖုန်းဟာ အန္တရာယ် ရှိနေနိုင်ပါတယ်။

ဘယ်လို မကောင်းတဲ့ App တွေကို ဖယ်ရှားခဲ့လဲ ဆိုတာလဲ Google က ထုတ်ပြန်ခဲ့ပါတယ်။

ကော်ပီတွေ

နာမည်ကြီး App တွေနဲ့ ဆင်တူယိုးမှား အတုအယောင် ဖန်တီးထားတဲ့ ဟာတွေပါ။ သေချာမသိတဲ့ သူတွေက ဒါတွေကို အစစ်လို့ထင်ပြီး ဖုန်းမှာ ထည့်သွင်းတတ်ကြပါတယ်။ ဒီလို ထင်ယောင်ထင်မှား ဖြစ်အောင်လဲ ​​App ဖန်တီးသူတွေက နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။ ဒီလို ကော်ပီအတု စုစုပေါင်း App ၂၅၀,၀၀၀ ကျော်ကို မနှစ်က ဖယ်ရှားခဲ့တယ်လို့ ဂူဂယ်က ပြောပါတယ်။

မသင့်လျော်တဲ့ ဖော်ပြချက်တွေပါတဲ့ App တွေ

Google Play Store ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မလျော်ညီတဲ့ ဖော်ပြချက်တွေ ပါဝင်တဲ့ App တွေပါ။ ဥပဒေနဲ့ မညီတာတွေ၊ ကော်ပီရိုက်ကို ချိုးဖောက်တာတွေ (ဥပမာ ခိုးကူးသီချင်းတွေ)၊ အကြမ်းဖက်မှုကို အားပေးတာ၊ လူအချင်းချင်း မုန်းတီးအောင် လှုံဆော်တာ၊ အစရှိတာတွေ ပါဝင်လို့ ဖယ်ရှားခဲ့တာပါ။

အန္တရာယ်ဖြစ်နိုင်တဲ့ App တွေ

ဥပမာ သုံးစွဲသူရဲ့ အချက်အလက်တွေကို ခိုးယူတာ (Facebook password လိုမျိုးတွေ)၊ ချက်တင် လုပ်တဲ့ဟာတွေ၊ ရိုက်ထားတဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံတွေကို ခိုးယူတာ၊ ဒီလို သုံးစွဲသူကို အန္တရာယ် ဖြစ်နိုင်လို့ ထုတ်ပြစ်ခဲ့တာပါ။ အရေတွက် အတိအကျ မဖော်ပြပေမယ့် တော်တော် များတယ်လို့ ဆိုပါတယ်။

အနှစ်ချုပ်ကတော့ အကယ်လို့ သင့်ဖုန်းထဲမှာ လုံခြုံရေး App တစ်ခုခုမှာ အနည်းဆုံး ရှိမနေဘူး ဆိုရင် အခုပဲ လုံခြုံရေး App တစ်ခုခု ဒေါင်းပြီး ထည့်လိုက်ပါ။ တော်ကြာ ကိုယ့် Facebook အကောင့်လေး သူများခိုးသွားမှ ငိုမဲ့မဲ့ ဖြစ်နေဦးမယ်။

Photo Credit: Krapalm | Pixabay

Source: Inc. | Google Removed 700,000 Problematic Apps From Its Android Play Store in 2017

error: